Thursday, March 6, 2014

မူနှင့်စည်းကမ်းကွဲပြားချက်ကြောင့် ပင်စင်စားများ တန်ဖိုးနည်း SimCard ၀ယ်ယူရန်ခက်ခဲ

ပင်စင်စားများတွက် WCDMA SimCard များရောင်းချပေးရာတွင် ရောင်းချပေးရန် သတ်မှတ် ပြဌာန်းထားရှိသော မူနှင့်စည်းကမ်းများ နေရာဒေသအလိုက် မတူညီဘဲကွဲပြားလျက်ရှိခြင်းကြောင့် မိုဘိုင်းလ် ဖုန်းအသုံးပြုနိုင်ရန်များစွာအခက်အခဲဖြစ်ပေါ်နိုင်ကြောင်းသိရှိရသည်။

လက်ရှိကာလအတွင်း ပင်စင်စားများအတွက် WCDMA SimCard အရေအတွက်စုစုပေါင်း (၅၀,၀၀၀) ကို သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ခွဲဝေရောင်းချထားရန် သတ်မှတ်ထားရှိသည်။ ပင်စင်စားများအတွက် WCDMA SimCard များကို ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီကာလမှ စတင်၍ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။
ငွေကျပ် (၁,၅၀၀) တန် တန်ဖိုးနည်း WCDMA SimCard များကို ရောင်းချပေးရာတွင် ပင်စင်စားများ၏ နိုင်ငံမှတ်ပုံတင်၊ ပင်စင် စာအုပ်၊အိမ်ထောင်စုလူဦးရေစာရင်းမိတ်္တူတို့နှင့်တကွပင်စင်စားကိုယ်တိုင် လက်ရှိ နေထိုင်ရာကျေးရွာ၊ မြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် လျှောက်ထားရ မည်ဖြစ်သည်။“နေပြည်တော်မှာဆိုရင်တော့ တစ်ရပ်ကွက်နဲ့တစ်ရပ်ကွက် SimCard ရောင်းတာချင်းမတူပါဘူး။ အချို့ရပ်ကွက်ကတော့ မှတ်ပုံတင်၊ ပင်စင်စာအုပ်ရဲ့စာမျက်နှာ ၁ နှင့် ၂ အပါအ၀င် လက်ရှိနေ ထိုင်ရာနေပြည်တော်ရဲ့ပုံစံ၆၆/၆အိမ်ထောင်စု လူဦးရေစာရင်း မိတ်္တူပါရမယ်လို့ဆိုပါတယ်။ အချို့ရပ်ကွက်မှာတော့ နေပြည်တော်ရဲ့ ပုံစံ ၆၆/၆ အိမ်ထောင်စုလူဦးရေစာရင်း မိတ်္တူ ပါစရာမလိုဘဲ အရင်နေခဲ့တဲ့ မြို့နယ်ကပုံစံ ၆၆/၆ အိမ်ထောင်စုလူဦး ရေစာရင်းနဲ့နေ ပြည်တော်မှာ လက်ရှိနေ ထိုင်ကြောင်း ထောက်ခံချက်ပါ ရင်ရပါတယ်။ ပြဿနာကအချို့ကပင်စင်ရမှနေပြည်တော်ပြောင်းတာ ဆိုတော့ ပုံစံ ၆၆/၆ မပါရင် ဖုန်းကတ် မရနိုင်ပါဘူး။ ဒါကြောင့် မတူညီတဲ့ မူနဲ့စည်းကမ်း ကြောင့်နိုင်ငံ တော်က ရောင်းပေး တဲ့တန်းဖိုးနည်း မိုဘိုင်းလ်ဖုန်းမကိုင်နိုင်ပါဘူး”ဟု နေပြည်တော်မြို့နယ်နေ ကျောင်း ဆရာ အငြိမ်းစား ဦးလှကြိုင်ကပြောကြားခဲ့သည်။


credit to: Myanmar Digital Life Journal

0 comments:

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ

Labels