ပြည်တွင်းနည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သောစံမြန်မာစနစ်ကို ၂၀၁၄ခုနှစ်အတွင်း သတ်မှတ်ပြဌာန်း ပေးဖွယ်ရှိကြောင်းကွန်ပျူတာနည်းပညာရပ်ဝန်း မှတစ်ဆင့်သိရှိရသည်။
လက်ရှိကာလတွင် ဇော်ဂျီမြန်မာစာစနစ်၊ စံမြန်မာစာစနစ်၊Myanmar 3စနစ် အပါအ၀င် များစွာသော မြန်မာစာစနစ်များ ပြည် တွင်းနည်းပညာရပ်ဝန်းအတွင်း အသုံးပြုလျက်ရှိသည်။ စံမှီသော မြန်မာစာစနစ်ကို သတ်မှတ်ပြဌာန်းပေးနိုင်ခြင်းမရှိခြင်းကြောင့် Internet ပေါ်မှတစ်ဆင့် ဗဟုသုတများရှာဖွေရာတွင်များစွာ အ ခက်အခဲရှိကြောင်း သိရှိရသည်။ ““ တကယ်ဆို Data အားနည်းတဲ့ အပိုင်းလည်းပါတယ်။ Web ပေါ်မှာရှာလိုက်ရင် English နဲ့ရေး ထားတာတွေများ ပါတယ်။ ဒါက မြန်မာစာစနစ်ကို စံအနေနဲ့သတ် မှတ်ထားခြင်းမရှိလို့ပါ။ နောက်ပိုင်းကာလတွေမှာ မြန်မာစာကိုရေးချင် သလိုရေးလိုက်တဲ့အတွက် ကလေးသူငယ်တွေအနေနဲ့ ဗဟုသုတရှာ ဖွေရာမှာ များစွာအားနည်းစေတာကိုတွေ့ရပါတယ် ”” ဟု သာကေတ မြို့နယ်နေ ကိုသီဟနောင်က ပြောကြားခဲ့သည်။
မြန်မာစာစနစ်နှင့်ပတ်သက်၍ IT ပညာရှင်ကိုဇော်ဇော်မျိုးလွင်မှ ““ ဘယ်လမ်းကိုပဲသွားသွား အဆင်ပြေတဲ့ လမ်းကိုသွားရမှာပဲ၊Unicode ဆိုတာကရှိကိုရှိရမယ်။ ဒါပေမယ့် Unicode မှာလည်းအား နည်းချက်တွေရှိသေးပေမယ့် အဲ့ဒီအားနည်းချက်တွေကိုသာဖြေရှင်း ပေးနိုင်မယ် ဆိုရင်တော့ မကြာခင်မှာပဲတရားဝင်သတ်မှတ်ထားတဲ့ စံ မြန်မာစနစ်ထွက်လာမှာပါ။ ဆိုလိုတာက အသုံးပြုသူတွေက ဘာစနစ် ကိုပဲသုံးသုံး အစိုးရအနေနဲ့ စံမြန်မာစနစ်ကိုတော့ သတ်မှတ်ပြဌာန်း ပေးဖို့လိုပါတယ်။ အဲ့ဒီအတွက်လည်း အစိုးရကပြင်ဆင်နေပါတယ်”ဟု ပြောကြားခဲ့သည်။
ပြည်တွင်း Developer များအနေဖြင့် မြန်မာစာစနစ်ဖြင့် ပတ် သက်၍ စနစ်ပေါင်း မြောက်များ စွာရေးသားဖြန့်ချိလျက်ရှိခြင်းကြောင့် အသုံးပြုရာတွင်လွယ်ကူ၍လူသုံးများသောမြန်မာစာစနစ်ကို အသုံးပြုလျက်ရှိ ကြောင်း နည်းပညာရပ်ဝန်းမှတစ်ဆင့် ကြားသိရသည်။
credit to: Myanmar Digital Life journal
0 comments: