Monday, February 24, 2014

wolfram alpha နဲ့ကိုယ် facebook ကို analyze လုပ်မယ်

သင့်ရဲ့ Facebook မှာ သင်ကိုယ်တိုင် Link ဘယ်နှခု၊ Status ဘယ်နှခုတင်ပြီးပြီလဲ သိပါသလား..? ကမ္ဘာပေါ်က ဘယ်နေရာတွေမှာ သင် Check-in ဝင်ခဲ့ပြီး မိုင်ဘယ်လောက်သွားခဲ့သလဲ သိပါသလား.. သင့်ပုံတွေထဲမှာ ဘယ်ပုံကို လူတွေအများဆုံး Like ကြပြီး ဘယ်ပုံကို Comment အများဆုံးပေးကြလဲ သိပါသလား.။ သင်နေ့စဉ် Facebook မှာ အရိုက်အများဆုံး စာလုံးကို သိပါသလား.. ?? သင့်ရဲ့ Page တွေထဲက ဘယ် Page ဟာ ပေါ်ပြူလာအဖြစ်ဆုံးလဲ သိပါသလား…?? အဲဒါတွေတင်မက အခြား သင့် Facebook ရဲ့ သင်ကိုယ်တိုင်မသိတဲ့ Activity တွေနဲ့ အချက်အလက်ပေါင်းများစွာကို သိချင်တယ်ဆိုရင် Analyze လုပ်လို့ရပါတယ်.။ အင်တာနက်သမိုင်းမှာ အသုံးအဝင်ဆုံး Website လို့ သတ်မှတ်ခံထားရပေမယ့် ကမ္ဘာပေါ်မှာ လူသိနည်းတဲ့ Wolfram Alpha ကို သုံးရမှာဖြစ်ပါတယ်...(1) WolframAlpha.com/Facebook ကို ဝင်လိုက်ပါ.။ (2) ဝင်ဝင်ချင်း Figure (1) ကအတိုင်း တွေ့ရမှာဖြစ်ပါတယ်...


(3) Get your report ကို နှိပ်လိုက်ရင် Figure (2) ကိုရောက်သွားမှာဖြစ်ပြီး Permission ပေးတဲ့ OK ကိုနှိပ်လိုက်ပါ.။ (ဒီအဆင့်မှာ Facebook ကို Login မဝင်ရသေးရင် အရင်ဝိုင်ခိုင်းမှာဖြစ်ပါတယ်)

(4) Permission ပေးပြီးရင် Figure (3) ကိုရောက်သွားမှာဖြစ်ပြီး Wolfram Account အတွက် Password တောင်းမှာဖြစ်ပါတယ်.။ Password ဟာ Facebook Password နဲ့ တူစရာမလိုပါဘူး။အဆင်ပြေတဲ့ Password တစ်ခု ထည့်ပေးလိုက်ရင်ရပါတယ်.။ (2 ခါထည့်ရမှာဖြစ်ပါတယ်)

(5) ထည့်ပြီး Create Account ကိုနှိပ်ပြီးရင်တော့ Figure (4) ကိုရောက်မှာဖြစ်ပြီး Analyze My Facebook Data ကို နှိပ်လိုက်ရင် ရပါပြီ.။

(6) ခဏစောင့်ပြီးရင်တော့ Figure (5) မှာပြထားသလို သင့်Facebook ရဲ့ Data တွေကို ကြည့်လို့ရပါပြီ.။ စမ်းကြည့်ကြပါ.။ အတော်လေး စိတ်ဝင်စားဖို့ကောင်းပြီး ပျော်စရာလဲကောင်းပါတယ်....

credit to: hardwarezone

0 comments:

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ

Labels