Windows 8, 8.1 မှာ အင်စတော လုပ်ထားတဲ့ Apps အားလုံးကို Start Screen မှာမြင်တွေ့နိုင်ပါတယ်။ Apps အသစ် တွေ အင်စတော လုပ်တဲ့အခါမှာ Start Screen မှာ Pin ပြုလုပ်ပေးပါတယ်။ Windows Store က အင်စတောလုပ်တဲ့ Modern Apps တွေရော ၊ Desktop Apps တွေကိုပါ Start Screen မှာ Pin ပြုလုပ်ပေးတာဖြစ်ပါတယ်။ Apps တွေ အင်စတော လုပ်တာ များလာတာနဲ့ အမျှ Start Screen ဟာ ကြည့်ရတာ ရှုပ်ထွေးလာပါတယ်။ နောက်ပြီး Start Screen ကို အသုံးမပြုတဲ့သူတွေအတွက် ဒီလို Pin ပြုလုပ်တာဟာ အသုံးမ၀င်ပါဘူး။ Windows 8.1 မှာ အင်စတောလုပ်လိုက်တဲ့ App ကို Start Screen မှာ Pin ပြုလုပ်ခြင်းကို Disable ပြုလုပ်လို့ရလာပါတယ်။
ဒီလိုလုပ်ဖို့ Windows Key + R ကိုနှိပ်ပြီး gpedit.msc လို့ရိုက်ပြီး Enter နှိပ်ပါ။ ဒါဆိုရင် Local Group Policy Editor ကိုဖွင့်ပေးမှာဖြစ်ပါတယ်။
Computer Configuration>Administrative Templates> Start Menu and Taskbar ကိုသွားပါ။
ညာဘက်က Pin apps to Start when installed ကို နှစ်ချက်နှိပ်ပါ။
နောက်ပေါ်လာတဲ့ ၀င်းဒိုး မှာ Disabled ကိုရွေးပြီး Apply နဲ့ OK နှိပ်ပါ။
ကွန်ပြူတာ ကို Reboot လုပ်ပါ။ ဒါဆိုရင် Desktop Apps, Modern Apps တွေ အင်စတော လုပ်ရင် Start Screen မှာ Pin လုပ်ပေးမှာမဟုတ်တော့ပါဘူး။
credit to: Myanmar Digital Life Journal
0 comments: