Wednesday, February 12, 2014

Samsung Galaxy S5 မှာ မျက်နှာပြင် ပတ်လည်က ဘောင်တွေကို ဖြုတ်ထားမည်

Samsung ရဲ့ စွမ်းဆောင်ရည်မြင့် ဖုန်း ဖြစ်တဲ့ Galaxy S5 ဟာ မထွက်ခင် ကတည်းက လူပြောများနေပါတယ်။ Fingerprint Scanner ပါရှိမယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ဖူးသလို Eye-Scanning Sensor လည်းပါရှိမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုနောက်ထက်ထွက်ပေါ်လာတဲ့ သတင်းက S5 ရဲ့ မျက်နှာပြင် ပတ်လည် က ဘောင်တွေကို ဖြုတ်ထားမယ်လို့သိရပါတယ်။ Display ကို ပိုမို ရှင်းလင်းစွာ တွေ့မြင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Samsung က အဲဒီ ဒီဇိုင်း ကို ၂၀၁၂ ခုနှစ်ကတည်းက တီထွင်နေတာဖြစ်တယ်လို့ သိရပါတယ်။
S5 မှာ Fingerprint Scanner ကို Display ထဲမှာ မြှပ်နှံထားမယ်လို့သိရပါတယ်။ အသုံးပြုသူက လက်ဗွေရာ ကို ဖုန်းမျက်နှာပြင် မှာ ပွတ်ဆွဲပြီး ဖုန်း ကို Unlock လုပ်ရမှာဖြစ်ပါတယ်။ S5 ဟာ သူ့အရင် မျိုးဆက်ဖြစ်တဲ့ S4 ထက်လည်း ပိုမိုပါးလွှာလာမှာဖြစ်ပါတယ်။ S5 မှာ ၅.၂၅ လက်မအရွယ် QHD 2560×1600 Pixels Display တပ်ဆင်ထားမယ်လို့ သိရပါတယ်။
Samsung က S5 ကို ဒီလ (၂၄) ရက်နေ့မှာ ဘာစီလိုနာ တွင် ပြုလုပ်မယ့် Mobile World Congress မှာ ပြသမှာဖြစ်ပါတယ်။
credit to: Myanmar Digital Life Journal

0 comments:

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ

Labels