Monday, February 3, 2014

တန်းဖိုးနည်း CDMA 800MHz SimCard ကို ပြည်နယ်နှင့်တိုင်းဒေသကြီး (၉)ခုတွင် လုံးဝ (လုံးဝ) ရောင်းချပေး မည်မဟုတ်

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီး ဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ (၂၄) ရက်မှ အစပြု၍ ရောင်းချပေးသွားမည့်ငွေကျပ် (၁,၅၀၀)တန် တန်ဖိုးနည်း SimCard အရေအတွက် (၃၅၀,၀၀၀) တွင်CDMA 800MHz, WCDMA နှင့်GSM SimCard များကို သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့်ရောင်းချ ပေးသွားမည်ဖြစ်သည်။
အဆိုပါSimCard များခွဲဝေရောင်းချထားမှုအရ CDMA 800MHz SimCard များကို ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်း ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်)၊ မကွေးတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် လုံးဝ မရောင်းချဘဲ ကျန်ပြည်နယ်နှင့် တိုင်း ဒေသကြီးများတွင်သာ ရောင်းချပေး သွားမည်ဖြစ်သည်။
“ကျွန်တော်တို့ မအူပင်မှာဆိုရင်GSM နဲ့WCDMA SimCard က အရမ်းပေါတဲ့အပြင်ပြင်ပပေါက်ဈေးက လည်း ၆ သောင်းခွဲ ၇သောင်းလောက် ပဲရှိပါတယ်။ အဓိကဈေးကြီးမြင့်တဲ့SimCard ကတော့CDMA 800MHz SimCard ပါ။ ပြင်ပပေါက်ဈေးကလည်း ၁ သိန်း ၁ သောင်းနဲ့ ၁ သိန်း ၃ သောင်းကြားမှာရှိပါတယ်။ ဈေးကြီးရတဲ့အကြောင်းကတော့နယ်ဝေးတွေမှာဆိုရင်CDMA 800MHz SimCard တွေက လိုင်းဆွဲအား ပိုကောင်းတော့ ပြင်ပပေါက်ဈေးပိုကြီးပါတယ်” ဟု မအူပင်မြို့နေ ကိုဝင်းနိုင်မှ ပြောကြား ခဲ့သည်။CDMA 800MHz SimCard များကို နေပြည်တော်ကောင်စီ နယ်မြေ၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသ ကြီး၊ ရှမ်း ပြည်နယ်(တောင်ပိုင်း)နှင့် ဧရာဝတီတိုင်းဒေသကြီးများတွင် ရောင်းချပေးသွားမည်ဖြစ်သည်။ ရောင်းချပေး သွားမည့် တန်ဖိုးနည်း ငွေကျပ် (၁,၅၀၀) တန်တန်ဖိုးနည်းCDMA 800MHz SimCard အရေအတွက် (၁၅၀,၀၀၀) အနက်ရန်ကုန်တိုင်းဒေသကြီးတွငCDMA 800MHz SimCard ကိုရောင်းချသွားမည်ဖြစ်သည်။
credit to: Myanmar Digital Life Journal

0 comments:

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ

Labels