Android, iPhone နဲ့ blackberry သုံးတဲ့ customer များအတွက် BBM version အသစ်ထွက်ရှိလာပါပြီ။ ဒါကြောင့် အရင်က မရခဲ့တဲ့ Android နဲ့ iPhone သမားတွေ အခု version အသစ်မှာ တော့ BBM ရဲ့ wi-fi ပေါ်က နေ free voice သာမက BBM channels ကိုပါ သုံးစွဲလို့ ရပါပြီ။ ဒါ့အပြင် Android, iPhone နဲ့ BlackBerry အသုံးပြုသူများ ဟာ chat လုပ်လို့ရတဲ့ အပြင် ပုံတွေ၊ စာရွက်စာတမ်းတွေ၊ အသံဖိုင်တွေ နဲ့ အခြား အရာတွေကို one-click sharing လုပ်လို့ရပါတယ်။ ဒါအပြင် BBM အသုံးပြု တဲ့သူတွေဟာ သူတို့ ရဲ့ location တွေကို လဲ အခြားသူတွေကို share လို့ရပါတယ်။ ပြီးတော့ Emotional stickers တွေအများကြီးကို လဲ ထည့်သွင်းပေးထားပါတယ်။ BBM Channels: - Open, yet private – Channel owner တွေဟာ သူတို့ရဲ့ channel ကိုလုံးဝထိန်းချုပ်နိုင်ပါတယ်။ Channel owner တွေက သူတို့ရဲ့ post တွေမှာ ဘယ် subscribers တွေကို comment ရေးခိုင်းချင်လဲ approve လုပ်ပေးတာတို့၊ ဘယ် subscribers တွေကို direct chat လုပ်ခွင့်ပေးထားတာတို့၊ subscribers တွေကို ကိုယ့် အကြောင်းတွေကို မပြောပြဘဲ အဆက်အဆံလုပ်နိုင်တာတို့ ၊ subscribers တွေကို ကိုယ့် ရဲ့ BBM Contact ထဲကို ထည့်တာတို့ ပြုလုပ်နိုင်ပါတယ်။ - Channel reporting – Channel တစ်ခုချင်းစီအတွက် ကိုယ်ပိုင် performance dashboard တစ်ခု ရရှိမှာဖြစ်ပါတယ်။ Channel Owners တွေစာ ကိုယ့် ရဲ့ Channel ရဲ့ stats ကို အလွယ်တစ်ကူ ကြည့်ရှုလို့ရမှာဖြစ်ပါတယ်။ ဘယ် subscribers တွေက လာပြီး engage လုပ်လဲ၊ post တွေကို ဘယ်လောက်ကြည့်ရှုလဲ၊ subscribers တွေဘယ်လောက်တိုးပွားလာပြီလဲဆိုတာတွေကို အလွယ်တစ်ကူ ကြည့်ရှုနိုင်ပါတယ်။ - It’s fast and easy – Channel သစ်တစ်ခုစဖို့ BlackBerry, Iphone, Android smartphone တွေပေါ်ကနေ အလွယ်တစ်ကူ မိနစ်အနည်းငယ်အတွင်းမှာ ပဲ setup လုပ်လို့ရပါတယ်။
credit to: hardwarezone
credit to: hardwarezone
0 comments: