Symbian မှာ ကိုယ်ကြိုက်တဲ့ Font ကို
ထည့်သုံးနိုင်ဖို့ FontZoomer လိုဟာမျိုးတွေ
အသုံးပြုရပါတယ်။ သို့မဟုတ် System file ထဲက Font လေးခုကို
သက်ဆိုင်ရာ နာမည်တွေ ပြောင်းပေးပြီး Replace လုပ်လိုက်ရင်
ရပါတယ်။ FontZoomer ကတော့ အလွယ်ဆုံးပါပဲ။
NokiaKeyboard တင်ထားတဲ့
ပို့စ်အောက်ကComment မှာ FontZoomer လိုချင်လို့တောင်းထားတာ
ရှိပါတယ်။ Font Zoomer ကိုဒေါင်းရန်
FontZoomer ကို Download လုပ်ပြီးရင်
Zip ဖြေပါ။ ဖုန်းထဲကို Copy ကူးထည့်ပါ။ ဖုန်းထဲမှာ FontZoomer
ဖိုင်ကိုနှိပ်ပြီး Install လုပ်ပါ။ ဒါဆိုရင် Application ထဲမှာ
FontZoomer ပေါ်လာပါပြီ။ ခဏထားလိုက်ပါ။ ဖုန်းရဲ့ C: အောက်ကို
သွားပါ။ Font Zoomer ဆိုတဲ့ Folder ရှိပါတယ်။ အကယ်၍ မပေါ်ပါက
Application ထဲမှာ FontZoomer Software ကို ဖွင့်လိုက်ပါ။
ပြီးလျှင် ဘာမှမလုပ်ပဲ ပြန်ထွက်လိုက်ပါ။ ပြီးလျှင် C: ထဲမှာ
ပြန်ကြည့်ပါ။ FontZoomer နာမည်နဲ့ Folder ပေါ်လာပါလိမ့်မယ်။
အဲဒီထဲကို မိမိပြောင်းလိုသော Font ၊ ဥပမာ Zawgyi Font ကို
ကွန်ပျူတာထဲကနေ ယူပါ။ Windows key + r နှိပ်ပြီး fonts
လို့ရိုက်၊ Enter ခေါက်၊ Font Folder ပေါ်လာလိမ့်မယ်၊
အဒီအောက်ဆုံးမှာ Zawgyi-One ကိုယူလိုက်ပါ ။ ယူပြီးလျှင်
ခုနက ဖုန်းရဲ့ C အောက်က FontZoomer Folder ထဲကိုထည့်ပါ။
ကွန်ပျူတာနှင့် ဖုန်း ချိတ်ထားပြီးထည့်လျှင် C: အောက်သို့
ထည့်မရဘူး ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ကူးလို့ရသော E တို့ F
တို့အောက်ကို ထည့်ပါ။ ပြီးမှ ဖုန်းထဲမှာပဲ Copy Paste
လုပ်ပါ။
ဒါဆိုရင် Font ထည့်ပြီးပါပြီ။ ပြောင်းပေးရပါဦးမယ်။
FontZoomer ကို ဖွင့်ပါ။ Menu
ကိုနှိပ်ပါ။ Show Font List ကိုနှိပ်ပါ။ အဲဒီထဲမှာ Zawgyi-One
နာမည်ကိုရှာပါ။ အမှန်ခြစ်ပေးလိုက်ပါ။ နောက်ကို
ပြန်ရောက်သွားပါလိမ့်မယ်။ Back နှိပ်ပြီး ပြန်ထွက်လိုက်ပါ။
ဖုန်းကို Restart ချခိုင်းပါလိမ့်မယ်။ ချပေးလိုက်ပါ။ ဖုန်း
ပြန်တက်လာလျှင် ဇော်ဂျီကို မြင်ရပါပြီ။
မြန်မာစာကို အမှန်မမြင်နိုင်ပါ။ သဝေထိုး၊ ရေ့ချာ၊
ဝစ်ဆံနှစ်လုံးပေါက် များနှင့် တွဲရေးလျှင် ထပ်သွားသည်။
ထိုစာလုံးများနှင့် တွဲရေးချင်သည် ဆိုပါက Space ခြားပေးရန်
လိုသည်။ ဥပမာ မောင် ကိုရိုက်ချင်လျှင်ေ+Space+မ+Space+ာ+င+-်
ဖြစ်သည်။ Contact များကို မြန်မာလိုမှတ်ချင်လျှင် ထိုသို့
မှတ်ပါ။
FontZoomer ဖြင့် Zawgyi သွင်းထားပြီး
Zawgyi ကို အမှန်မြင်နိုင်တာ လောလောဆယ်
ကျွန်တော်တွေ့ရသလောက် ပြောရရင်တော့ Nokia Car Mode ရယ်၊ Viber
မှာရယ်၊ Blob ဆိုတဲ့ ဘလော့ဂ်ရေးတဲ့
ဆော့ဖ်ဝဲလ်ထဲမှာရယ်ပါပဲ။ အင်တာနက် သုံးသူများကတော့ Opera
Mini ထဲမှာ Zawgyi ကို လုံးဝ အမှန် မြင်အောင် လုပ်နိုင်ပါတယ်။
Opera mini နဲ့ အဆင်ပြေစွာ သုံးနိုင်ပါတယ်Credit to the http://www.nweyoe.net/blog/
0 comments: