Friday, January 31, 2014

ပြည်တွင်းဆက်သွယ်ရေးဝန်ဆောင်မှုများအားနည်းချက်ကြောင့်

'' ပြည်တွင်းဆက်သွယ်ရေးဝန်ဆောင်မှုများအားနည်းချက်ကြောင့် ပြည်ပအော်ပရေတာများ၏ ၀န်ဆောင်မှုစောင့် စားသူ အရေအတွက်များပြား ''
ဆက်သွယ်ရေးအော်ပရေတာလိုင်စင်များ ၃၀.၁.၂၀၁၄ တွင်ပြည်ပဆက်သွယ်ရေး အော်ပရေတာများကို ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှပေး အပ်ခဲ့သော်လည်း လက်ရှိကာလတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများပေးလျက်ရှိသော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ၀န်ဆောင်မှုများအနေဖြင့် များစွာညံ့ဖျင်းလျက်ရှိကြောင်း အသုံးပြုသူအချို့မှ တဆင့်ကြားသိရသည်။
” ကျွန်တော်တို့ရဲ့ တယ်လီဖုန်းလိုင်းကခဏခဏဖြတ်တောက်ခြင်း ခံရပါတယ်။ သက်ဆိုင်ရာဌာနဖြစ်တဲ့ တိုင်းဒေသကြီး မန်နေဂျာရုံးကိုဆက်သော်လည်း အိတ်ချိန်းကိုဆက်တယ်၊ အိတ်ချိန်းဆက်တော့လည်း ကြွေး ကျန်စစ်ဆိုပြီး တိုင်းဒေသကြီးမန်နေဂျာရုံးကို ပြန်ဆက်ခိုင်းတယ်။ ဟိုကိုဆက်၊ ဒီကိုဆက်ဆိုပြီး ခဏ ခဏပဲ။ ဖုန်းဖြတ်တော်မှုကိုလည်း အရင်ဌာနရဲ့ ကြွေးကျန်ဆိုပြီး ဖြတ်ချတယ်လို့ပဲ မြန်မာ့ဆက်သွယ်ရေးက ပြော ပါတယ်။ ဒါလုံးဝမဖြစ်နိုင်ပါဘူး၊ ကျွန်တော်တို့က စီးပွားရေးလုပ်ငန်းတွေလုပ်နေတာကြောင့် လစဉ်ပုံမှန် Bills ဆောင်တဲ့အပြင် ကြွေးကျန်မရှိအောင် သေသေချာချာ စစ်ဆေးပါတယ်။ အခုလိုဖုန်းလိုင်းဖြတ်ခြင်းခံရတာ နဲ့ပတ်သက်ပြီး ဘယ်သူ့ကိုပြောရမှန်းမသိရလောက်အောင် မြန်မာ့ဆက်သွယ်ရေးရဲ့ဝန်ဆောင်မှုက အမှန်တ ရားမှဆိုးဝါးညံ့ဖျင်းပါတယ် ” ဟု ပုဇွန်တောင်မြို့နယ်နေကိုသီဟစိုးက ပြောကြားခဲ့သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ၀န်ဆောင်မှုများအနေဖြင့် လွန်စွာအားနည်းလျက်ရှိကြောင်း နည်းပညာသတင်းရပ်ဝန်းမှ တဆင့်သိရှိရသည်။ မိုဘိုင်းလ်ဖုန်းလိုင်းများမကြာခဏပြတ်တော်ခြင်း၊ အင်တာနက် လိုင်းများနေ့စဉ်နှေးကွေးနေခြင်း၊ တယ်လီဖုန်းလိုင်းများပုံမှန်မဟုတ်စွာဖြင့် မှားယွင်းစွာဖြတ်တောက်ခံနေခြင်း အပါအ၀င် ဆက်သွယ်ရေးဝန်ဆောင်မှုများ လွန်စွာအားနည်းလျက်ရှိခြင်းကြောင်း လူအများစုအနေဖြင့် ပြည်ပ အော်ပရေတာများ၏ ဆက်သွယ်ရေးဝန်ဆောင်မှုများကို စောလျင်စွာအသုံးပြုနိုင်ရန် အလိုရှိကြောင်း သိရှိရ သည်

0 comments:

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ

Labels