Tuesday, July 16, 2013

အင်တာနက်ကိုလွယ်ကူစွာလျှောက်ထားနိုင်ပါပြီ

မိုဘိုင်းအင်တာနက် လျှောက်ထားချင်သူတွေအတွက် သြဂုတ်လ ၁ ရက်နေ့က စပြီး မက်ဆေ့ခ်ျ နံပါတ်
133 ကတစ်ဆင့် မိုဘိုင်းအင်တာနက် လျှောက်ထားနိုင်ပြီလို့ မြန်မာ့ဆက်သွယ်ရေးသင်တန်းကျောင်းက 
ကျောင်းအုပ်ကြီး  ဦးကျော်စိုးထံက သိရပါတယ်ခင်ဗျာ.........
ကနဦးလျှောက်ထားမှုအတွက် ယခင်အင်တာနက်လျှောက်တုန်းက နှုန်းထားအတိုင်း ကျပ်တစ်သောင်း
ကျင်သင့်မှာဖြစ်ပါတယ်.......
မက်ဆေ့ခ်ျ ပို့ပြီး လျှောက်ထားဖို့အတွက် ဖုန်းထဲမှာ ကြိုတင်ငွေ ကျပ်တစ်သောင်းရှိဖို့တော့လိုပါတယ်....
လျှောက်ထားသူတွေအနေနဲ့ မက်ဆေ့ခ်ျနံပါတ် 133 ကိုရိုက်နိုပ်ပြီး ( Order data service ) လို့ရေးပြီး 
message ပို့လျှောက်ထားရမှာပါ ။ စက္ကန့်အနည်းငယ်အတွင်း အင်တာနက်လျှောက်ထားမှုအတွက် လက်ခံ
ရရှိကြောင်း စာတိုမက်ဆေ့ခ်ျအနေနဲ့ *** You have order data service successfully ***  ဆိုပြီး message
ပြန်ပို့ပေးလာခဲ့ရင်  အင်တာနက်လျှောက်ထားမှု ပြီးမြှောက်ပြီဖြစ်ပါတယ်....
message ရောက်တာနဲ့တစ်ပြိုင်နက် ဖုန်းမှာ အင်တာနက်ကို အလိုလျောက်သုံးပြုအုနင်ပြီဖြစ်ပါတယ်.....
အင်တာနက်အသုံးပြုခအတွက် GSMဖုန်းကို တစ်မိနှစ်ကို နှစ်ကျပ် ကျသင့်မှာဖြစ်ပြီး CDMAနဲ့ 3G ဖုန်းတွေ
အတွက်က တစ်မိနှစ်ကို လေးကျပ်ကျသင့်မှာဖြစ်ပါတယ်ခင်ဗျာ.......

0 comments:

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ

Labels