Samsung စမတ်ဖုန်းတွေမှာ အသုံးပြုရတဲ့ S View ကာဗာ အကြောင်းကို သိသူများလည်း သိကြမှာ ဖြစ်ပါတယ်။ ရှေ့ မျက်နှာပြင်မှာ ပြတင်းပေါက် ပမာ ပွင့်နေပြီး ယင်းလေးထောင့်ကွက်ကလေး ကနေ အချိန် နာရီ၊ နေ့စွဲ၊ ရာသီဥတုအခြေအနေ အစရှိသဖြင့်တို့ကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီကာဗာကို အခြား ဖုန်းတွေမှာ အသုံးပြုလို့မရပဲ Samsung ဖုန်းတွေမှာ သာ အသက်ဝင်ပါတယ်။ ယခုတော့ ကမ္ဘာကျော် ဖုန်းကာဗာ ထုတ်လုပ်တဲ့ ကုမ္မဏီတစ်ခု ဖြစ်တဲ့ Moshi က iPhone 5 နဲ့ 5S အတွက် ကာဗာထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။
မျက်နှာပြင်မှာ အကွက်ငယ်လေး တစ်ခုသာ ချန်ထားပြီး ကျန်တဲ့အစိတ် အပိုင်းအားလုံးကို ပိတ်ထားပါတယ်။ ပိုလီကာဘွန်နိုက်အသား နဲ့ ပြုလုပ်ထားတဲ့ ယင်း ကာဗာက နောက်ကျောမှာတော့ Apple တံဆိပ်နဲ့ ကင်မရာ အကွက်တို့ကို ချန်ထားမှာ ဖြစ်ပါတယ်။ ရှေ့ မျက်နှာပြင်က အကွက်ငယ်လေးကနေ အချိန်၊ နေ့စွဲ၊ ရာသီဥတုအခြေနေ အစရှိသဖြင့် တို့ကို ကြည့်ရှုနိုင်ပြီး ဖုန်းအဝင်အထွက်များ ကိုလည်း ဖြေကြား နိုင် အုံးမှာ ဖြစ်ပါတယ်။ ဒီတော့ ဖုန်း ကာဗာဖွင့်စရာမလိုပဲ မျက်နှာပြင်ကနေ လုပ်ဆောင်ချက် အတော်များများကို လုပ်ဆောင်နိုင် မှာ ဖြစ် ပါတယ်။ Samsung က S View ကာဗာတွေလို အသုံးပြုလို့ရအောင် Moshi က ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ LG မှာလည်း LG G2 စမတ်ဖုန်းအတွက် ယင်းကဲ့သို့ ကာဗာကို ဖန်တီး ထားပါသေးတယ်။
iPhone 5 နဲ့ 5S အတွက် ဖန်တီးထားတဲ့ ယင်း Sense Cover က ဈေးပို သက်သာကြောင်း ဆိုပါတယ်။ ကာလတန်ဖိုးအားဖြင့် ၄၅ ဒေါ်လာ ဝန်းကျင် နဲ့ ဖြန့်ချိ ရောင်းချနေပြီ ဖြစ်ကြောင်း သိရ ပါတယ်...
credit to:Smart Pro Journal







Myanmar Kyat Converter


0 comments: